Friday, August 19, 2011

ပျောက်ဆုံးနေသော နိဗ်ဗန် (ကိုလွှမ်းမိုး)

ငယ်စဉ်က ကလေးတို. ဘဝမှာ
ပျော်ပါးဖို.ရာ လွယ်ပါတယ်
ကိုယ်ရတာနဲ. တင်းတိမ်ရောင်.ရဲ
စားချိန်မှာဝင်စားမယ် အိပ်ချိန်မှာ ဝင်အိပ်မယ်

အပူအပင်ကင်းတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီရောက်ချင်သေးတယ်

ဟိုစဉ်က လွတ်လပ်မှုဟာ ခုများပျောက်လို.နေပါပြီ
သံယောစဉ်လဲ တုပ်နှောင်မြဲခဲ.
သွားချင်ရာကို မသွားနိုင် လုပ်ချင်တာတွေ မလုပ်နိုင်

အပူအပင်ကင်းတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီရောက်ချင်သေးတယ်

ဖြူစင်တဲ. နှလုံးသားလေးဟာ
အရောင်အမျိုးမျိုး စွန်းထင်းနေပြီ
ဆန်ဒလွန်ကဲ စိတ် အလိုလိုက်လွယ်
အသုံးမဝင်တဲ. နောင်တတွေ လှုံဆော်ကာ ကြေကွဲနေ

အပူအပင်ကင်းတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီး ရချင်သေးတယ်
အပြစ်မသိသေးတဲ. ကလေးလေးဘဝကို
တစ်ခါပြန်ပြီရောက်ချင်သေးတယ်

Sunday, August 14, 2011

အဖြစ်များဆုံး အကုသိုလ် စိတ် သုံးပါး

ရရင် လောဘ

မရရင် ဒေါသ

မသိတွေဝေ မောဟ

ဆရာကြီး မင်းတင်မွန်

တရား၏ အကျိုးများ

တရားနာခြင်း အကျိုး အားဖြင်.
တရားနာပရိတ်သတ်သည် ကိုးကမ်ဘာ အပါယ်မလားဘူး။
တရားတောင်းခြင်းပြု သော
တရားတောင်း ပုဂ်ဂိုလ်သည် ရှစ်ကမ်ဘာ အပါယ်မလားဘူး။
တရားနာခြင်း အကျိုးကို အမျှဝေသောအခါ သာဓုခေါ်သော
ပုဂ္ဂိဳလ္သည္ တစ္ကမ္ဘာ အပါယ္မလားဘူး။
တရားကို ဟောကြားသင်ပြသော တရားဟောပုဂ်ဂိုလ် တို.မှာမူ
အသင်ချေကမ်ဘာ အပါယ်မလားဘူး။

တရား၏အကျိုးကို သိပြီး တရားအားထုတ်ပွားများနိုင်ကြပါစေ။

တာရှီဘန် (၁၄-၀၈-၂၀၁၁ ၉း၅၂ မိနစ်)


ဆုံးရှုံးခြင်း အစစ်အမှန် (လူတစ်ယောက်မှာအဖိုးတန်ဆုံးပိုင်ဆိုင်မှု)

When wealth is lost, nothing is lost.
ပစ်စည်း ဥစ်စာ ဆုံးရှုံးရင် သင်.မှာဘာမှ မဆုံးရှုံးပါဘူး။
When health is lost, something is lost.
ကျန်မာရေး ဆုံးရှုံးရင် သင်.မှာ တစ်စုံတစ်ခု ဆုံးရှုံးသွားပြီ။
အာရောဂျ ပရမံလာဘံ(ဘုရားဟော) = အနာရောဂါ ကျန်မာခြင်းသည် အမြတ်ဆုံးလာဘ်တစ်ပါး။
When character is lost, everything is lost.
ကိုယ်ကျင်.သီလပျက်ပြား ပြီဆိုရင် အကုန်ဆုံးရှူံးပြီ။ သေရင်အပါယ်လားပြီ၊ ရှင်ရင်လဲအကုသိုလ်ပဲဖြစ်နေမယ်။
ဒါကြောင်.လူတစ်ယောက်မှာ အဖိုတန်ဆုံးပိုင်ဆိုင်မှုကိုပြပါဆိုရင် ကိုယ်ကျင်.သီလ(ငါးပါးသီလ)ကို စောင်.ထိန်ခြင်းပါပဲ။
ကိုယ်ကျင်.သီလ(ငါးပါးသီလ)ကို မစောင်.ထိန်းခြင်းသည်သင်၏ ဆုံးရှုံးခြင်းအစစ်အမှန်ပင်ဖြစ်ပါသည်။
ဆုံးရှုံးခြင်းကင်းပြီး စစ်မှန်မွန်မြတ်တဲ. ပိုင်ဆိုင်ခြင်းတွေပိုင်ဆိုင်နိုင်ဖို. မမေ.မလျော့လုံးလပြူပြီး အားထုတ်ကြပါစို.။

အပ်ပမာဒေနသမ်မာဒေထ
ဘာရှီဘန် (၁၄-၁၈-၂၀၁၁ ၉း၃၁ မိနစ်)

Saturday, August 13, 2011

သူ နဲ. သင် (နားလည်မှု)

သင်ဟာသူနဲ. ချိန်ထားတယ်ဆိုပါစို.။
သူကလည်းတစ်နေကုန်အလုပ်လုပ်ရပြီး မောနေတယ်။
သင်ကလည်းတစ်နေကုန်အလုပ်လုပ်ရပြီး မောနေတယ်ဆိုပါစို.။
ဒါပေမဲ. မနက်ဖြန်ဟာ သူ.ရဲ.ပိတ်ရက်ဖြစ်ပြီ သင်ရဲ. တစ်နေကုန်အလုပ်လုပ်ရမယ်.ရက်ဆို
ဒီနေ.ချိန်းထားတဲ.ချိန်ဆို မှုကို သင်မနက်ဖြန်မရွေ.ပေးနိုင်ဘူးလား။
သူဒီနေ.နားလို.ရပြီး မနက်ဖြန် သင်နဲ.အချိန်ပိုပေးတွေ.ဆုံလုပ်ကိုင်နိုင်မယ်ဆိုရင်အရာအားလုံးအဆင်မပြေဘူးလား။
သင်မရွေ.ပေးနိုင်ဘူးဆိုရင်ရော ဘာအကြောင်းကြောင်.လဲ။
အရာအားလုံးက မနက်ဖြန်ဆိုရင်ပိုလှမှာမဟုတ်ဘူးလား။
သင်သူ၏ မင်းပင်ပန်းနေတယ် နားလိုက်ပါဆိုတာကိုမလိုချင်တာလား။ သူပင်ပန်းနေလို. မနက်ဖြန်မှလုပ်ကြရအောင်ဆိုတာကိုလိုချင်နေလား။
သင်ဘာကိုလိုချင်မလိုချင် သူကနောက်နေ.ရွေ.ရအောင်လို.ပြောလာရင် သေချာတာကတော.သူဒီနေ.လုပ်ရမှာကိုမလိုလားဘူးဆိုတာပါပဲ။
သြဝါဒထူးဆယ်.တစ်ချက်အရ သင်လိုက်လျောလိုက်ပါ။

အေးချမ်းကြပါစေ။
တာရှီဘန်(၁၃-၀၈-၂၀၁၁ ၁၀ ၃၅ မိနစ်)

ဘဝအောင်မြင်ရေး အဆို

ရိုးရိုးကျင်.
မြင်.မြင်.ကြံ
မှန်တာလုပ်
ဟုတ်တာပြော